International News

“Project on Standardization for potential agricultural products export to Japan” စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

Last Updated:

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် “Project on Standardization for potential agricultural products export to Japan” စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့)၊ (၁၁:၀၀)နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနတာဝန်ခံနှင့် ကျွမ်းကျင်သူတို့မှ Online/ Offline ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ စီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာ့လယ်ယာထွက်ကုန်များ အရည်အသွေးပိုမို တိုးတက်ကောင်းမွန်ကာ ဂျပန်နိုင်ငံစျေးကွက်သို့ ဝင်ရောက်နိုင်စေရန်၊ ဂျပန်နိုင်ငံစျေးကွက်သို့ စံချိန်မီ တင်ပို့နိုင်ရေးအတွက် ထုတ်လုပ်မှုတန်ဖိုးကွင်းဆက်တစ်လျှောက် စံချိန်စံညွှန်းဆိုင်ရာ အသိပညာပေးရန်၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရောင်းချမှု တိုးမြင့်လာစေရန်၊ အလားအလာရှိသော ကုန်ပစ္စည်းအမယ်များအား ရွေးချယ်ဆောင်ရွက်သွားရန်စသည်ဖြင့် စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်ပတ် သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Category: International News